ကန်ကြီးထောင့် မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းသောက်သုံး ရေးရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်၊ ဘဲဂရက်လေးကျေးရွာတွင် သောက်သုံးရေများအား ထပ်မံ၍ သွားရောက်လှူဒါန်းပေးခဲ့ကြသည်။
ထိုသို့ သွားရောက်လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး၏ ဦးဆောင်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးတက်နိုင်ထွန်းနှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဘဲဂရက်လေးကျေးရွာရှိ ဒေသခံပြည်သူများအတွက် (4E/8725) ဒေါင်ဖန်းမီးငြှိမ်းသတ်ယာဥ်ဖြင့် ရေဂါလန်(၄၀၀၀)အား သွားရောက် လှူဒါန်းပေးခဲ့ကြသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)