ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကော့သောင်း မေ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှခရိုင် ဦးစီးမှူး ဦးကိုကိုနိုင်ကြီးကြပ်မှုဖြင့်  လဝကမှူး ဦးမောင်မောင်ဦး ဦးဆောင်သော ဝန်ထမ်းများသည်ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် နေပြည်သူများအား လိုအပ်သည့်အချက်အလက်များအား စိစစ်၍လုပ်ထုံးလုပ်နည်းများနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက် (၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ မှတ်ပုံတင်(လဲလှယ်)သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန် /ဆက်)