ပခုက္ကူ မေ ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ရုံးစာရေးသားနည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၄) သင်တန်းဖွင့်လှစ်ပို့ချသည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ခိုင်ဦးက ဝန်ထမ်းများအနေဖြင့် ဌာန၏ရည်မှန်းချက်လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိကျမှန်ကန်မှုရှိစေရေးနှင့် အချိန်မီပြီးစီးနိုင်စေရေး၊ ရုံးစာရေးသားရာတွင် စာလုံးပေါင်း၊ အထားအသိုများ နည်းစနစ်မှန်ကန်မှုရှိစေရေး၊ ဝန်ထမ်းတစ်ဦးချင်း၏ အရည်အသွေးတိုးတက်မြင့်မားလာစေရေးတို့အတွက် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကို ပခုက္ကူခရိုင်အတွင်းရှိ ဝန်ထမ်း ၂၆ ဦး တက်ရောက်ကြပြီး မေလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)