ငွေဆောင်မြို့တွင် မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဥ်အထိမ်းအမှတ် မိုးရာသီ (အကြို) သစ်ပင်စိုက်ပွဲတော်ကျင်းပ

ငွေဆောင် မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးသစ်တော ဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားကြီးကြပ်မှုဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့  ပူးပေါင်း၍ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မူဆိုင်ရာ ခရီးစဥ် အထိမ်းအမှတ် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက  ငွေဆောင်မြို့ Irrawaddy Fisheries Development Co.Ltd ဝင်းအတွင်း ကျင်းပခဲ့​ကြောင်းသိရသည်။

အဆိုပါ စိုက်ပျိုးပွဲတွင် စိန်ပန်း ပင် ၊ မဟော်ဂနီ ၄၀ပင် ၊ ပျဥ်းကတိုး ၅၅ ပင်၊ စုစုပေါင်း ၁၀၀ ပင်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးဆောင်၍ တရုတ်နိုင်ငံ ခရီးသွား ဧည့်သည် ၄၁ ဦး၊  မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ခရီးစဥ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ရပ်ကျေးအုပ်ချူပ်ရေးမှူးစုပေါင်း စိုက်ပျိုးခဲ့ကြပါသည်။ စိုက်ပျိုးခဲ့သည့် အပင်များရှင်သန်အောင်မြင် စေရေးအတွက်မိုးမကျမီ ကာလအတွင်း နေ့စဥ်ရေလောင်း ပြုစုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး ( ပြန် / ဆက်)