ဖျာပုံ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ပြည်သူများအား မိုးကြိုကာလ၌ ဖြစ်ပွားတတ်သော လေပြင်းတိုက်ခတ်ခြင်း၊ လေပြင်းနှင့် အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ် ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ပြည်သူများ လေပြင်းဘေးနှင့် မိုးကြိုးပစ်ခြင်းအကြောင်း အသိပေးနှိုးဆော်ခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေပေးကြသည်။
ပြည်သူများအား လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုလျော့နည်းသက်သာစေရန်၊ ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိပြီး ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်ထားရှိနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၊ လူစည် ကားရာနေရာများဖြစ်သော စျေးများ၊ လမ်းဆုံလမ်းခွများနှင့် လမ်းသွားလမ်းလာ ပြည်သူများ အား အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများသို့ မော်တော် ယာဥ်ဖြင့် လှည့်လည်၍ အသံချဲ့စက်ဖြင့် လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာများနှင့် ဆောင်ရန်/ ရှောင်ရန်အချက်များကို သတိပေးနှိုးဆော်ခြင်းနှင့် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များအား လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)