ငွေဆောင်ကမ်းခြေသို့ မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးခရီးစဥ်အဖြစ် ရောက်ရှိ လာသော တရုတ်နိုင်ငံသားများအား ဌာနဆိုင်ရာများ  တာဝန်ရှိသူများမှလှိုက်လှဲစွာကြိုဆို

ငွေဆောင်     မေ     ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေသို့ တရုတ် - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်​ရေးခရီးစဥ်အဖြစ် လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံသား  (၃၈) ဦးသည် ယမန်နေ့ညနေ (၄) နာရီ အချိန်က ၎င်းတို့တည်းခိုနေထိုင်မည့်  Ocean Blue ဟိုတယ်သို့ ရောက်ရှိခဲ့ရာ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများမှ  လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ ကြကြောင်းသိရသည်။

အဆိုပါအဖွဲ့သည် ပုသိမ်မြို့မှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဒုချုပ် ဦးဇေယျာမျိုးတို့နှင့်အတူ  ထွက်ခွာလာပြီး    ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ ရေသိုးကျေးရွာ ၊   ပုသိမ် - ငွေဆောင် ကားလမ်းဘေးရှိ  ၁၉ မိုင် ငွေဆောင်အပန်းဖြေ ဆင်စခန်းသို့ဝင်ရောက်လေ့လာ ကြည့်ရှု ခဲ့ကြသည်။ ဆက်လက်၍  အဆိုပါအဖွဲ့သည် ဆင်စခန်းမှ အမှတ်(၃)ရပ်ကွက် ၊ Ocean Blue ဟိုတယ်သို့ထွက်ခွာခဲ့ရာ ဟိုတယ်တွင် တာဝန်ရှိသူများက ရင်းနှီးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများသည် ငွေဆောင်ကမ်းခြေသို့ နှစ်နိုင်ငံခရီးသွားဖွံ့ဖြိုးတိုးတက် ရေးအစီအစဥ်ဖြင့် လာရောက်လေ့လာလည်ပတ်ခြင်းဖြစ်ပြီး Ocean Blue ဟိုတယ်၌ မေလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ (၂) ရက် တည်းခိုနေထိုင်မည်ဖြစ်ကြောင်း သိရသည်။

R - 014( ငွေဆောင်)