ကျွန်းလှမြို့နယ် တပ်ကုန်းကျေးရွာ၌ ကုန်ထုတ်လမ်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

ကျွန်းလှ မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ တပ်ကုန်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (တိုင်းဒေသကြီး) အထွေထွေပိုလျှံရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကုန်ထုန်လမ်း အရှည် ၅၂၈၀ ပေ၊ အကျယ် ၁၂ ပေနှင့် အုတ်ရိုးစီတံတားတစ်စင်း၊ BOX Culvert တံတားတစ်စင်းတို့ကို ခွင့်ပြုငွေကျပ် ၉၃ ဒသမ ၇၁၂ သန်းဖြင့် တင်ဒါအောင် တော်ဝင်ဇူလီယန်ကုမ္ပဏီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်ထုန်လမ်းဆောင်ရွက်ခြင်းဖြင့် ဒေသခံတောင်သူ (၁၅၀) ဦး၏ လယ်ယာမြေ (၇၅၀) ဧကမှ ထွက်ရှိသော သီးနှံများ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ