နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

နတ်မောက် မေ ၁၃   

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း လီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က  မြို့နယ်သမဝါယမ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလေးမြင့်နှင့် အတွင်းရေးမှူး ဒေါ်ခင်မြရီတို့က အသင်း၏ ဖွံ့ဖြိုးရေးအကြုံပြု ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အသင်းအမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ (၆၀) ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း