ကလေး မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ အမှတ် (၁၀) တပ်မတော်တန်းမြင့် သင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းလူငယ်များသည် ကလေးလေဆိပ်သို့ မြန်မာ့လေကြောင်းဖြင့် ညနေ ၆ နာရီ ၁၀ မိနစ်အချိန်တွင် ရောက်ရှိခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ကြမည့် ရွှေဘိုခရိုင်မှ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းလူငယ် (၃၀)ဦးကို ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ ကလေးမြို့နယ်တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး အမှတ် (၁၀) တပ်မတော်တန်းမြင့်သင်တန်းကျောင်းသို့ ဆက်လက်ပို့ဆောင်ကြရာ ပြည်သူ့စစ်မှု ထမ်းသင်တန်းကျောင်း ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး မင်းမင်းဦး၊ တပ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)