ရွှေဘိုသူနာပြုသင်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့အခမ်းအနားကျင်းပ

​ရွှေဘို မေ ၁၃

စစ်ကိုင်တိုင်းဒေသကြီး၊ ရွှေဘိုသူနာပြုသင်တန်း​ကျောင်းတွင် အပြည်ပြည်ဆိုင်ရာ သူနာပြု​နေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ​ကျောင်းရှိ သ​ပြေညိုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ​ ကျောင်းအုပ်ဆရာမကြီး ​ဒေါ်​ကေသွယ်မိုးက အပြည်ပြည်ဆိုင်ရာ သူနာပြု​နေ့ဖြစ်​ပေါ်လာပုံနှင့် ကျင်းပရခြင်းရည်ရွယ်ချက်များကို ​ပြောကြားခဲ့ပြီး ပထမနှစ်သင်တန်းသူများမှ ​တေးသရုပ်များဖြင့် ​ဖျော်တင်ဆက်ခဲ့သည်။

ထို့​နောက် သူနာပြုသားဖွားဆရာ/ဆရာမများ၏ ​ဆောင်ရွက်ချက်များအား မျှ​ဝေ​ပေးခဲ့ပြီး တတိယနှစ်သင်တန်းသား ​မောင်ဇင်ကိုပိုင်၊ တတိယနှစ် အကြီးတန်း သင်တန်းသူ မနှင်းပွင့်​ကျော်သူ၊ ဒုတိယနှစ် အငယ်တန်းသင်တန်းသူ မနန္ဒာမိုး၊ ပထမနှစ် သင်တန်းသူ မရွှေရည်ဝင်းတို့က မိမိတို့သင်တန်း အ​တွေ့အကြုံများကို မျှ​ဝေ​ပေးခဲ့​ကြောင်း  သိရသည်။  

​အေးမြင့်စန်း