ဟုမ္မလင်းမြို့နယ်၌ နွေရာသီအခြေခံ Essay/Letter ရေးနည်းသင်တန်းဆင်းပွဲကျင်းပ

ဟုမ္မလင်း မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီအခြေခံအင်္ဂလိပ်စာ Essay/Letter ရေးနည်းသင်တန်းဆင်းပွဲကို မေလ ၁၁ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဧဆက်က နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် အင်္ဂလိပ်စာအရေးအဖတ် ကျွမ်းကျင်တတ်မြောက်စေရန်၊ ကျောင်းသင်ခန်းစာများတွင် အထောက်အကူပြုစေရန်နှင့် Essay/Letter ရေးနည်းခြေခံ သင်ကြားခြင်းအားဖြင့် မိမိတို့ကိုယ်တိုင်ရေးတတ်သွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာမက Essay/Letter အခြေခံရေးနည်းသင်တန်းကို စိတ်ပါဝင်စားစွာ သင်ယူလေ့လာကြသည်ကို တွေ့ရှိရသဖြင့် ကျေးဇူးတင်ရှိပါကြောင်း သင်တန်းတွင် ပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့အသုံးချစေချင်ပါကြောင်း ဆက်လက်ပြီး အပြင်သင်ခန်းစာများကိုလည်း လေ့လာစေချင်ပါကြောင်း သင်တန်သား/သူများကို ဆုံးမစကားပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဧဆက်က သင်တန်းနည်းပြ ဆရာမအား အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ Essay/Letter အခြေခံရေးနည်းသင်တန်းဆင်းပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ နည်းပြဆရာမနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)