ဇီးကုန်း မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၃)လုံးအမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် သရက်တပင်ကျေးရွာအုပ်စု၊ ဆင်ကုန်တိုင်ကျေးရွာတွင် နေအိမ်(၂)လုံးနှင့် ကံကလေးကျေးရွာအုပ်စု၊ သစ်ဆင်အရှေ့စုကျေးရွာတွင် နေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့သောကြောင့် စုစုပေါင်းနေအိမ်(၃)လုံး ပျက်ဆီးဆုံးရှုံးခဲ့ပြီး၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စု(၃)စုမှ အိမ်ထောင်စုဝင်(၁၃)ဦးအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများက ဆွေမျိုးသားချင်းများနေအိမ်များသို့ ပြောင်းရွေ့ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)