သရက် မေ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲရှိသည့် ဖောင်းကအိုင့်ကျေးရွာသို့ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနက ယမန်နေ့ နံနက်(၈) နာရီက ဖောင်းကအိုင့်ကျေးရွာတွင် ရေဂါလံ (၁၆၀၀)အား လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းရာတွင် သရက်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးမင်းကျော်ဟိန်းနှင့် တပ်ဖွဲ့ဝင်များက ပွန်းကြီးကျေးရွာအုပ်စု၊ ဖောင်းကအိုင့်ကျေးရွာအိမ်ခြေ (၁၆၆)စု၊ လူဦးရေ (၆၃၁)ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀)အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)