ကလေး မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များမြင့်မားလာစေရန် မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် စာအုပ်ပြပွဲများကို ယနေ့ မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ကျောင်းသား/ကျောင်းသူများအတွက် ပြိုင်ပွဲများကျင်းပခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲများကျင်းပခဲ့ပြီး တာဝန်ရှိသူများက အထူးဆု၊ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရသော ကျောင်းသား/ကျောင်းသူများကို ဆုများ အသီသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် စာပေချစ်မြတ်နိုးသူများဖြင့် အသိပညာပေး ဆွေးနွေးပွဲများ၊ ကလေးများဆိုင်ရာ ကာယ၊ ဉာဏစွမ်းရည်မြှင့်ပြိုင်ပွဲများနှင့် သင်တန်းများကို ကျင်းပလျက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)