သာပေါင်းမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကော်မတီဝင်များနှင့် လုပ်ငန်းရှင်များ၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

သာပေါင်း မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကော်မတီဝင်များနှင့် လုပ်ငန်းရှင်များ၊ တောင်သူများနှင့် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈) ဘီလီယံချေးငွေ ရယူထားသည့် တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ချေးငွေများ၊ ဒုတိယနှစ်ဝက်အတိုးများ အပြေအကြေပေးသွင်းရေး၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ထပ်မံချေးယူလိုပါက SOP ပါအတိုင်း ချေးငွေအဆိုပြုလွှာ၊ အမှုတွဲများပြုစု၍ ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကော်မတီသို့ အမြန်တင်ပြရေး၊ မြို့နယ်ကော်မတီမှ စိစစ်ထောက်ခံတင်ပြရေးတို့ကို ဆွေးနွေးပြောကြားပြီး လုပ်ငန်းရှင်များ၊ တောင်သူများသိရှိလိုသည်များ ပြန်လည်မေးမြန်းကြရာ သက်ဆိုက်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)