လေးမျက်နှာ မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော် )မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စာရေးကွင်းကျေးရွာအုပ်စု တောင်သူ ဦးမြင့်ဇော်ဦး၏ လယ်မြေ (၂) ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးစောဝင်းရွှေက တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော် စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံလျှော် မြေခံစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်စေရေး၊ ကိစ္စများဆွေးနွေးပြောကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် တာဝန်ရှိသူများက ပိုက်ဆံလျှော်မျိုးစေ့များကို တောင်သူများထံပေးအပ်ခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ စုပေါင်းကြဲပက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)