ဟင်္သာတ မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်း ၂၀၂၄ ပညာသင်နှစ်၊ အပတ်စဉ် (၂၁)နှင့် (၂၂) သူနာပြု-သားဖွား ဒီပလိုမာ ဒုတိယနှစ် သင်တန်းသား/သူများမှ “မိသားစုဝင်တိုင်း ကျန်းမာရေးသူနာပြုတို့လမ်းညွှန်ပေး” ခေါင်းစဥ်ဖြင့် ပြည်သူလူထုသို့ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက သူနာပြုသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟင်္သာတသူနာပြုသင်တန်းကျောင်းမှ ဒု-ကျောင်းအုပ်ကြီး ဒေါ်ဝေဝေလွင်က အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေးအသိ ပညာပေးဟောပြောပွဲအကြောင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်က ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် “တီဘီရောဂါအကြောင်းသိကောင်းစရာ”ခေါင်းစဥ်ဖြင့် ဒုတိယနှစ် သင်တန်းသူ မလှိုင်းနဒီမောင်နှင့် “သွေးတိုး ရောဂါနှင့် ဆီးချိုရောဂါအကြောင်း သိကောင်းစရာ”ခေါင်းစဉ်ဖြင့် ဒုတိယနှစ်သင်တန်းသူ မငွေဇင်သော်ကလည်းကောင်းဟောပြောခဲ့သည်။ဆက်လက်၍ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် အပူဒဏ်ကြောင့် သတိလစ်ခြင်းသရုပ်ဖော်ပြဇာတ်ကို ဒုတိယနှစ် သင်တန်းသား/သူ မောင်စိုးသက်အောင်နှင့်အဖွဲ့ကလည်းကောင်း၊ အဟာရအကြောင်း သိကောင်းစရာ သရုပ်ဖော်ပြဇာတ်ကို ဒုတိယနှစ်သင်တန်းသူ မမေစုအောင်နှင့်အဖွဲ့က လည်းကောင်းသရုပ်ဖော် တင်ဆက်ပြသခဲ့ကြပြီး တက်ရောက်လာကြသည့် ပြည်သူများ၏ သိရှိလိုသည်များ၊ မေးမြန်းခဲ့ကြသည်များကိုလည်း တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီးနောက် ရပ်မိရပ်ဖ ဦးမြင့်သောင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ သူနာပြုသင်တန်းကျောင်း သူနာပြုအုပ်ကြီးနှင့် သူနာပြုများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများစုစုပေါင်း ၂၅၀ ဦး စိတ်ပါဝင်စားစွာဖြင့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)