ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့ဝင်များ သံပေါင်တံတားဖွင့်လှစ်ပေးပြီး၊ သစ်စိမ်းမြေသြဇာမျိုးစေ့များပေးအပ်ကာ စာသင်ဝိုင်းများ ကြည့်ရှုအားပေး

သာပေါင်း မေ ၁၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတတ်ရေးဦးစီးမှူး ဦးနေထက်ရှိန်၊ တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးမှူး ဦးမင်းသိန်းနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဒည်ကုန်း ကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်း ကျေးရွာချောင်းကူးတံတား တည်ဆောက်မည့်နေရာသို့ မေလ (၉)ရက်နေ့ နံနက်(၉)နာရီအချိန် ရောက်ရှိကြည့်ရှုရာ တာဝန်ခံအင်ဂျင်နီယာမှ ရှင်းလင်းတင်ပြချက် များအပေါ် လိုအပ်သည်များ မှာကြားခဲ့ပြီး ကညင်ပင် ကျေးရွာအုပ်စု၊ ကညင်ပင်ကျေးရွာ-အင်းကလေးကျေးရွာ ချောင်းကူးကွန်ကရစ် သံပေါင်တံတား(၁၇၅ ပေx ၁၂ ပေx၂၃ ပေ)၊ သန်း(၂၁၀)ကျပ် ခွင့်ပြုငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ချောင်းကူးကွန်ကရစ်သံပေါင်တံတားအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ တိုင်းဒေသကြီးကျေးလက်ဒေသဖွံဖြိုးတိုးတတ်ရေးဦးစီးမှူး ဦးနေထက်ရှိန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တံတားပေါ်ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတတ်ရေးဦးစီးမှူး ဦးနေထက်ရှိန်၊ တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးမှူး ဦးမင်းသိန်းနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတို့က ကွင်းအမှတ်(၇၉၄A)၊ ဦးပိုင်အမှတ် (၄၇/၂)၊ တောင်သူဦးထွန်းရင်၏ လယ်မြေ(၇)ဧကတွင် တောင်သူများထံ သစ်စိမ်းမြေသြဇာမျိုးစေ့များ ပေးအပ်ပြီး စုပေါင်းမြေမြှုပ် ကြဲပက်စိုက်ပျိုးပေးခဲ့ကြသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်တို့က ကညင်ပင်မူကြိုကျောင်းတွင် စာသင်ဝိုင်း သင်ကြားနေသည့် စာသင်သားများ၏ စွမ်းရည်ကြည့်ရှုအားပေးကာ နည်းပြ ဆရာများနှင့်စာသင်သားများအား အချိုရည်နှင့်ရေသန့်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)