ပုသိမ် မေ ၁၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ မအူပင်မြို့နယ်အသင်းနှင့် ညောင်တုန်းမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် နေရာအလိုက်နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆု ရရှိသူများအား ဆုတစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးကလည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် မြန်အောင်မြို့နယ်နှင့် လေးယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ရေကြည်မြို့နယ်အသင်းအား တိုင်းဒေသကြီး ဥပဒေချုပ်ကလည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဓနုဖြူ မြို့နယ်နှင့် လေးယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပန်းတနော်မြို့နယ်သင်းအား တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပန်းတနော်မြို့နယ်နှင့် လေးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ငပုတောမြို့နယ်အသင်းအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ညောင်တုန်းမြို့နယ်အသင်းနှင့် လေးယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ကန်ကြီးထောင့်မြို့နယ်အသင်းအား သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကန်ကြီးထောင့်မြို့နယ်အသင်းနှင့် လေးယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ညောင်တုန်းမြို့နယ်အသင်းအား စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် လေးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် မအူပင်မြို့နယ်အသင်းအား တိုင်းဒေသကြီး တရားသူကြီးချုပ်က တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ပထမဆုဖလားကို ဆက်လက်ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပန်းတနော် မြို့နယ်အသင်းနှင့် အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ငပုတောမြို့နယ်အသင်းအား ပထမဆုလားနှင့် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုရှိသည့် မအူပင်မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)