ကန်ကြီးထောင့် မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပါတ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကန်ကြီးထောင့်မြို့အဝင် မာလာကုန်းလမ်းဆုံတွင် စိုက်ထူခဲ့ကြသည်။
ရှေးဦးစွာ ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား အမွှေးနံသာများ ပတ်ဖျန်း၍ စိုက်ထူခဲ့ကြသည်။
အဆိုပါကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲနိုင်လွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများမှ တက်ရောက်ခဲ့ကြပြီး ၂၀၂၄ ခုနှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလမှာ မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ဖြစ်ကြောင်းမြို့နယ်ပညာရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)