ရွှေတောင်မြို့နယ်တွင် ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ် (၄၁) လုံးပြိုကျခဲ့ပြီး လူနေအိမ် (၂၁၀) လုံး၊ ဘုန်းကြီးကျောင်း (၅) ကျောင်း အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်

ရွှေတောင် မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ မေ (၉) ရက်နေ့ ညနေပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ် (၄၁)  လုံးပြိုကျခဲ့ပြီး လူနေအိမ် (၂၁၀) လုံးဘုန်းကြီးကျောင်း (၅) ကျောင်း အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လေဘေးသင့် အိမ်ထောင်စုများအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး (ပြည်) ဗိုလ်မှူးချုပ် စိုးဦးဟန်နှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်း၍ ပြည်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေ (၁၄၂၂၅၅၀၀ိ/-) ကျပ် ပေးအပ်ထောက်ပံ့ခဲ့ပြီး ပြိုကျနေအိမ် (၄၁) လုံးအတွက် တစ်အိမ်လျှင် ပစ္စည်း (၁၇) မျိုးပါ ပုံး (၁)  ပုံးစီတို့အား လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး (ပြည်) ဗိုလ်မှူးချုပ် စိုးဦးဟန်နှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊   ရွှေတောင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုနှင့် အဖွဲ့ဝင်များက လေဘေးသင့်ကျေးရွာအုပ်စုများဖြစ်သော မီးလောင်ကျေးရွာအုပ်စုနှင့် ဝါးတောကျေးရွာအုပ်စုသို့ သွားရောက်ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန် /ဆက်)