ပေါင်းတည်၌ နွေရာသီကျောင်းပိတ်ရက်အတွင်း လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး Healthy Life Style ကျန်းမာရေးအသိပညာပေး သင်တန်းဖွင့်လှစ်ပို့ချ

ပေါင်းတည် မေ ၁၁

ပဲခူးတိုင်းဒေကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စဆိုင်ရာ သိကောင်းစရာများ၊ ကြီးထွားဖွံ့ဖြိုးမှုစောင့်ကြပ်ကြည့်ရှုခြင်းနှင့် မြှင့်တင်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အပြုအမူများကို အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး Healthy Life Style အကြောင်း ကျန်းမာ ရေးအသိပညာပေးခြင်းသင်တန်းကို အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို အ.ထ.က(မြို့မ) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်​ဌေးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကျော်သူရထွန်းတို့က အနီးကပ်ကြီးကြပ်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးများက ခြင်ကြောင့် ကူးစက်တတ်သောရောဂါအကြောင်း၊ ရေကောင်း‌ရေသန့်အကြောင်း၊ ကူးစက်ရောဂါအကြောင်း ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာရေးအကြောင်း၊ အနာဂတ်အတွက် ကျန်းမာရေးအဆင့်မြှင့်ကျောင်းများထူထောင်ရမည့် အကြောင်း၊ သိကောင်းစရာ မျက်စိအကြောင်း၊ Tuberculosis၊ HIV အကြောင်း၊ အစာအုပ်စု (၃)အုပ်စာအကြောင်း၊ Anemia, Vitamin A deficiency၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ Hand Washing၊ သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များအကြောင်းများကို ဆွေးနွေးပို့ချလျက်ရှိကြောင်း သိရသည်။

ဧပြီလ ၂၂ရက်မှ မေလ ၂၁ရက်အထိ ဖွင့်လှစ် ပို့ချဆွေးနွေးလျက်ရှိသည့် ​အဆိုပါ နွေရာသီကျောင်းပိတ်ရက်သင်တန်းတွင် အသက် (၁၃)နှစ် မှ (၁၅)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ (၈၆)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)