ဘိုကလေး မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၂)၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် လေ့ကျင့်ရေးကျောင်းရှေ့တို့တွင် ယမန်နေ့နေ့လယ်(၁)နာရီအချိန်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်များအား စိုက်ထူခဲ့ကြသည်။
ဆိုင်းဘုတ်များစိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့်အဖွဲ့ဝင် ဦးလှသန်းဦး၊ မြို့နယ်ပညာရေးမှူး ဦးထိန်လင်းနှင့် အခြေခံပညာဆရာ/မများ ပူးပေါင်းဝိုင်းဝန်း စိုက်ထူကြခြင်းဖြစ်ပြီး ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူရခြင်းသည် “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေး၊ မိဘ၊ ဆရာများ ပူးပေါင်းပါဝင်လာစေရေးတို့အား ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်အား မေလ(၂၃)ရက်နေ့မှ စတင်ကာ ဇွန်လ(၂)ရက်နေ့အထိ တစ်မြို့နယ်လုံးရှိ အခြေခံပညာကျောင်းများတွင် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)