ခန္တီး မေ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ (၂) နာရီအချိန်က ကျောင်းသား/သူ လေးများအား နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာစကားနှင့်ပတ်သက်၍ ပြောဆိုတတ်လာစေရန်နှင့် ကျောင်းစာများတွင်လည်းအထောက်အကူပြုစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မိမိကိုယ်ကိုမိတ်ဆက်ခြင်း အင်္ဂလိပ်စကားပြောစွမ်းရည်ယှဥ်ပြိုင်ခြင်းနှင့် အင်္ဂလိပ်မီးနင်းစကားလုံးများယှဉ်ပြိုင်ခြင်းကို အဖွဲ့ (၂) ဖွဲ့ခွဲ၍ ယှဉ်ပြိုင်ခဲ့ကြပြီး ယှဥ်ပြိုင်ကစားခဲ့သည့် ကျောင်းသား/သူလေးကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)