သာပေါင်းမြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊မြို့နယ်အဆင့် အခြေခံပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား

သာပေါင်း မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြိူ့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊မြို့နယ်အဆင့် အခြေခံပန်းချီသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မေလ ၁၀ ရက်နေ့၊ နံနက် ၈ နာရီအချိန်က အ‌ခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ၊ သော်ကဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊မြို့နယ်အဆင့် အခြေခံပန်းချီသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သက်နိုင်မှ သင်တန်းဖွင့်လှစ်သင်ကြားပို့ချပေးရခြင်း ရည်ရွယ်ချက်များနှင့် ပန်းချီသင်တန်းကို (မေလ ၁၀ ရက်နေ့မှ မေလ ၁၉ ရက်နေ့) အထိ သင်တန်းနည်းပြ ဆရာများမှ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပန်းချီသင်တန်းနည်းပြ ဆရာများက တတ်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူ (၁၀၇) ဦးတို့အား အခြေခံပန်းချီရေးဆွဲနည်းစနစ်များအား စတင်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)