အိမ်မဲမြို့နယ်တွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း (အခမဲ့)ဖွင့်လှစ်

အိမ်မဲ မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် အခမဲ့ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က အဖွင့်အမှာစကား ပြောကြားရာ၌ သင်တန်းတက်ရာက်သော ဝန်ထမ်းများအနေဖြင့် ပြည်သူ့အသိပညာပေးလုပ်ငန်းများနှင့် သတင်းမှတ်တမ်း ထုတ်ပြန်နိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့စေရေးနှင့် ကျွမ်းကျင်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျွင်-၂ ဦးချစ်သက်လယ်က (Kine Master) ဆော့ဝဲလ်ကို အသုံးပြု၍ ဓာတ်ပုံများဖြင့် (video) ဖန်တီးခြင်း၊ ဗီဒီယိုအပိုင်းများကိုဆက်ခြင်း၊ စာတန်းထိုးခြင်း၊ အသံထည့်ခြင်းတို့ကို စာတွေ့/လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်နှင့် ကြက်ခြေနီအသင်းတို့မှ ဝန်ထမ်းများ၊ တာဝန်ရှိသူများ စုစုပေါင်း (၁၅)ဦးတက် ရောက်ခဲ့ပြီး သင်တန်းကာလမှ မေလ (၉)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၂) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)