မုံရွာခရိုင်ရုံး၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မုံရွာ မေ ၁၀

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြီး ကြီးမှူးကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိခြင်း၊ အသိပညာဗဟုသုတရရှိခြင်း၊ အချင်းချင်းချစ်ခင်ရင်းနှီးမှုရှိခြင်း၊ စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော မုံရွာမြို့ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅)ဦးမှ ဦးဆောင်ပြီး စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားထားသော လူငယ်နှင့် ပညာရပ်ဆိုင်ရာစာစု သုတရသစာအုပ်မှ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” ခေါင်းစဥ် များဖြင့် အသီးသီးဖတ်ကြားကြပြီး အပြန်ပြန်အလှန်ဆွေးနွေးခဲ့ကြပြီးနောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက နိဂုံးချုပ်စကားပြောကြာပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မုံရွာမြို့နယ်စာရေးဆရာအသင်းနှင့် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ဖိတ်ကြားထားသူ များ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များမှ တာဝန်ရှိသူများ မုံရွာမြို့သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၈၀)ဦးက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)