လက်ပံတန်း မေ ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ပံတန်းမြို့နယ်အတွင်း မေ ၈ ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က အမှာစကားပြောကြားပြီး၊ သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက မေလ ၈ ရက်ညနေက ဖြစ်ပွားခဲ့သောလေဘေးကြောင့် ကျေးရွာအုပ်စု ၄ အုပ်စုတွင် ပြိုလဲနေအိမ်(၁၃)လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၂၀)လုံး၊ ဘုန်းကြီးကျောင်း(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် ၂၃ သိန်းသုံးသောင်း၊ လူဦးရေ ၁၂၉ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် နှစ်သိန်းခုနှစ်သောင်းကိုးရာ၊ စုစုပေါင်း ငွေကျပ် (၂၆၀၀၉၀၀ /-) နှင့် ပြိုလဲနေအိမ် ၁၃ လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)