ရေဦးတွင်ဒေသန္တရ စီမံကိန်းတာ၀န်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရေဦး    ဧပြီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်၊ ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယနေ့နံနက် ၉ နာရီက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး စီမံကိန်းတာ၀န်ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော် မတီဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက အဖွင့်အမှာစကားများပြေကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံ ကိန်းဦးစီးဌာနမှူး ဒေါ်နန်းစိန်ရီက ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် လျာထားချက်များအပေါ် အကေင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေနှင့် ၂၀၂၄- ၂၀၂၅ ဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် စီမံကိန်းဦးစီးဌာနမှူးတို့က တိုင်းဒေသကြီး၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့်ဒေသဖွံ့ဖြိုး ရေးစီမံကိန်းရည်မှန်းချက်များ၊ ကဏ္ဍအလိုက်စီမံကိန်းရည် မှန်းချက်များအား သက်ဆိုင်ရာဌာနများသို့ အသီးသီးတာ၀န်ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းသန်း(ရေဦး)