ပေါက်ခေါင်း မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသထုတ်ကုန်များ ပြုလုပ်ရောင်းချသည့်ဆိုင်များတွင် (FDA) ထောက်ခံချက်ပြုလုပ်ထားခြင်း ရှိ /မရှိကို ယမန်နေ့က ပြည်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသထုတ်ကုန်များ ပြုလုပ်ရောင်းချသည့် ဇွဲဓန မြေပဲယို၊ နှမ်းယိုဆိုင်၊ ဒေါ်လာ နှမ်း၊မြေပဲကြံသကာ၊ ကြံမွဆိုင်နှင့် (Top One) နှမ်း၊ မြေပဲ၊ ကြံသကာ အရောင်းဆိုင်များသို့ သွားရောက်စစ်ဆေး၍ (FDA) ထောက်ခံချက် ပြုလုပ်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် သုံးစွဲရန် ခွင့်မပြုသော ဓာတုပစ္စည်းများ ပါဝင်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)