ကျောင်းကုန်း မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း ယမန်နေ့ ညနေ ၄ နာရီ ကျော်ခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၅)လုံးပြိုပြီး (၁၇)လုံး အမိုး လန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်အတွင်း မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် မကျီးပင်ကွင်းကျေးရွာ အုပ်စုအတွင်းရှိ အညာတန်းကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းနှင့် လူနေအိမ်(၁)လုံး၊ ဘုရားငူရွာတွင် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း၊ အစုကြီးကျေးရွာတွင် လူနေအိမ်(၁၂)လုံးခန့် ပြိုကျပျက်စီးပြီး (၁၄)လုံး အမိုးအကာလန် ဖြစ်ပွားခဲ့သည်။ လူနှင့် တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိပါကြောင်းနှင့် အမှတ်(၁)ရပ်ကွက် နယ်မြေ(၂)နှင့် နယ်မြေ(၄)တို့ တွင် လူနေအိမ်(၃)လုံး အမိုးအကာလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)