လိပ်သို မေ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ တောတောင်များ၊ စမ်းချောင်းများဘေးတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော စားဖိုဆောင်သီးနှံ အမျိုးမျိုးရှိရာ ဟားဟယ်ပင်များလည်း တစ်မျိုးအပါအဝင် ဖြစ်သည်။
ဟားဟယ်ပင်များကို ဒေသခံများက အတို့အမြှုပ်အဖြစ်လည်းကောင်း၊ သားငါးဟင်းများနှင့် ရောချက်စား၍လည်းကောင်း၊ အထောင်းဟင်းအဖြစ်လည်းကောင်း စားသုံးကြပြီး တာရှည် အထားခံရန် ဝါးဘူးများတွင် သိပ်၍ အခြောက်ပြုလုပ်ကာ သိမ်းဆည်းစားသုံးကြကြောင်း သိရသည်။
အချို့ဒေသခံများမှာ ဟားဟယ်ပင်များကို တောင်ယာများတွင် စိုက်ပျိုးကြပြီး အချို့က အလွယ်တကူ ခူးယူစားသုံးရန်၊ လက်ဆောင်ပေးရန်အတွက် မိမိတို့၏ အိမ်ခြံဝင်းအတွင်းနှင့် ပန်းအိုးများတွင် ရွက်လှပင်များ စိုက်ပျိုးထားသကဲ့သို့ စိုက်ပျိုးထားကြသည်။
ခင်လေးနွယ် (လိပ်သို)