မြို့သစ် မေ ၁၀
“ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ယနေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စိုက်ထူခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကျောင်းအပ်နှံရေးပိုစတာဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများတို့က ကျောင်းအပ်နှံရေး ပိုစတာဆိုင်းဘုတ်ရှေ့တွင် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများ စိုက်ထူပေးထားခြင်းဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ သား၊ သမီးများ ပညာတတ်မြောက်ရေး၊ အသက်အရွယ်နှင့်လိုက်ဖက်ညီစွာ ပညာသင်ကြားနိုင်ရန်၊ ကျောင်းအပ်နှံရက်ကို အချိန်မီသိရှိစေပြီး မိမိတို့ ရင်သွေး သား/သမီး ပညာရေးအတွက် ကျောင်းအပ်နှံနိုင်မည်ဖြစ်သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာရေးကျောင်းများတွင် ကျောင်းအပ်နှံရက်အား ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ (၂၃)ရက်နေ့မှ ဇွန်လ(၂) ရက်အထိ သတ်မှတ်ထားပြီး မြေစိုက်ပိုစတာဆိုင်းဘုတ်တွင်လည်း ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)