သရက် မေ ၁၀
မကွေးတိုင်းဒေသကြီး သရက်မြို့၊ အမှတ် (၇) ရပ်ကွက်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် လေဘေးသင့်အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု လူဦးရေ (၂၆) ဦးတို့အတွက် ဆန်ရိက္ခာဘိုး (၇) ရက်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် လေဘေးသင့်အိမ်ခြေ (၅) လုံး ၊ အိမ်ထောင်စု (၅) စု လူဦးရေ(၂၆)ဦးတို့အတွက် ဆန်ရိက္ခာဘိုး (၇) ရက်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၂၁၉၆၀၀) ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အငယ်တန်းစာရေးတို့က ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)