ရွှေတောင်မြို့နယ်တွင် ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင် ကိုင်းဖျားကျိုးကျမှုနှင့် အမိုးလန်ပျက်စီး

ရွှေတောင် မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ယမန်နေ့ ညနေ ၄း၁၅နာရီ အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင် ကိုင်းဖျားကျိုးကျမှုနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် လူနေအိမ်(၄၁) လုံး ပြိုကျခဲ့ပြီး လူနေအိမ်(၂၁၀) လုံး ဘုန်းကြီးကျောင်း (၅) ကျောင်း အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မင်းကွန်းကျေးရွာအုပ်စု၊ မင်းကွန်းကျေးရွာရှိ ကုက္ကိုလ်ပင်ကိုင်းဖျားကျိုးကျမှုကြောင့် ခေတ္တလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ အဆိုပါနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။ လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ကြာနီကန်ရပ်ကွက်ရှိ လူနေအိမ် (၇) လုံးအမိုးလန်၊ ယွန်းတန်းရပ်ကွက်ရှိ နေအိမ် (၁) လုံးအမိုးလန်၊ ကျီးသဲအုပ်စုရှိ ကျေးရွာ(၆)ရွာတွင် လူနေအိမ် (၁၄) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်၊ နွားခြံကုန်းအုပ်စုရှိ ကျေးရွာ(၂)ရွာတွင် နေအိမ် (၁) လုံး အမိုးလန်၊ လူနေအိမ် (၁) လုံး ပြိုကျပျက်စီး၊ ကျောင်းကုန်းအုပ်စုရှိ ကျေးရွာ(၈)ရွာတွင် လူနေအိမ် (၇) လုံး အမိုးလန်၊လူနေအိမ် (၁)လုံး ပြိုကျပျက်စီး၊ ကသစ်တိုင်းအုပ်စုရှိ ကျေးရွာ(၆)ရွာတွင် လူနေအိမ် (၃၁) လုံး၊ ဘုန်းကြီးကျောင်း (၃) ကျောင်း အမိုးလန်၊လူနေအိမ် (၈) လုံး ပြိုကျပျက်စီး၊ ဒုရင်ဒုဘိုအုပ်စုရှိကျေးရွာ(၂)ရွာတွင် လူနေအိမ် (၉)လုံး အမိုးလန်၊လူနေအိမ် (၁)လုံး ပြိုကျပျက်စီး၊ မင်းကွန်းအုပ်စုရှိ ကျေးရွာ(၂)ရွာတွင် လူနေအိမ် (၃) လုံး အမိုးလန်၊ မဲတောအုပ်စုရှိ ကျေးရွာ(၁)ရွာတွင် လူနေအိမ် (၁) လုံး အမိုးလန်၊ လူနေအိမ် (၁) လုံး ပြိုကျပျက်စီး၊ သရက်သုံးပင်တောအုပ်စုရှိ ကျေးရွာ(၂)ရွာတွင်လူနေအိမ် (၆) လုံး အမိုးလန်၊ လူနေအိမ် (၁)လုံး ပြိုကျပျက်စီး၊ ဝါးတောအုပ်စုရှိ ကျေးရွာ(၇)ရွာတွင် လူနေအိမ် (၂၇) လုံး အမိုးလန်၊ လူနေအိမ် (၂) လုံး ပြိုကျပျက်စီး၊ ကျွန်းကလေးအုပ်စုရှိ ကျေးရွာ(၂)ရွာတွင် လူနေအိမ် (၁၁) လုံး အမိုးလန်၊ လူနေအိမ် (၅) လုံး ပြိုကျပျက်စီး၊ မယားမာန်အုပ်စုရှိ ကျေးရွာ(၂)ရွာတွင် လူနေအိမ် (၂) လုံး အမိုးလန်၊ ကျောက်မြင့် အုပ်စုရှိကျေးရွာ(၆)ရွာတွင် လူနေအိမ် (၁၃) လုံး အမိုးလန်၊ကံသုံးဆင့်အုပ်စုရှိကျေးရွာ(၃)ရွာတွင်လူနေအိမ် (၃)လုံးအမိုးလန်၊ ကျောက်ထရံအုပ်စုရှိ ကျေးရွာ(၁)ရွာတွင် လူနေအိမ် (၁) လုံး အမိုးလန်၊ လူနေအိမ် (၁) လုံး ပြိုကျပျက်စီး၊ အိုးထိမ်းကုန်အုပ်စုရှိ ကျေးရွာ(၃)ရွာတွင် လူနေအိမ် (၅) လုံး အမိုးလန်၊ လူနေအိမ် (၁) လုံး ပြိုကျပျက်စီး၊ တည်ကုန်းကြီးအုပ်စုရှိ ကျေးရွာ(၁)ရွာတွင် လူနေအိမ် (၉) လုံး အမိုးလန်၊ ကြို့ကုန်းအုပ်စုရှိ ကျေးရွာ(၁)ရွာတွင် လူနေအိမ် (၃) လုံး အမိုးလန်၊ မီးလောင်အုပ်စုရှိ ကျေးရွာ(၅)ရွာတွင် လူနေအိမ် (၅) လုံး ဘုန်းကြီးကျောင်း (၁) ကျောင်းအမိုးလန်၊ လူနေအိမ် (၂၃) လုံး ပြိုကျပျက်စီး၊ ရှားပင်ဇင်းအုပ်စုရှိ ကျေးရွာ(၂)ရွာတွင် လူနေအိမ် (၄)လုံး အမိုးလန်၊ နေအိမ် (၁) လုံး ပြိုကျပျက်စီး၊ ဇီးကျွန်းအုပ်စုရှိ ကျေးရွာ(၆)ရွာတွင် လူနေအိမ် (၁၅) လုံး အမိုးလန်၊ နေအိမ် (၃) လုံး ပြိုကျပျက်စီး၊ ညောင်စာရေးအုပ်စုရှိ ကျေးရွာ(၁)ရွာတွင် လူနေအိမ် (၆) လုံး အမိုးလန်၊ ရှားတိုင်းအုပ်စုရှိ ကျေးရွာ(၃)ရွာတွင် လူနေအိမ် (၃) လုံး အမိုးလန်၊ ဆည်ကြီးကုန်းအုပ်စုရှိ ကျေးရွာ(၂)ရွာတွင် လူနေအိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေဘေးသင့်၍ ပြိုကျ/ အမိုးလန်ခဲ့သည့် လူနေအိမ်များရှိ အိမ်ထောင်စုများအား ယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရရှိမှုမရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)