ပဲခူး မေ ၁၀
ဝန်ထမ်းတစ်ဦးခြင်း အရည်အသွေးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း(၂/၂၀၂၄)ကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးပိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ ရုံးစာရေးသားနည်းနှင့် ရုံးလုပ်ငန်းဆိုင်ရာများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပြီး သင်တန်းသို့ ပဲခူးခရိုင်နှင့် မြို့နယ်များရှိ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား ၂၁ ဦး တက်ရောက်ခဲ့သည်။
အဆိုပါ ရုံးစာရေးသားနည်းသင်တန်းကို မေလ ၉ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ၂ ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းဆိုင်ရာများကိုသိရှိနားလည်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သင်ကြားပို့ချခြင်းဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)