အောင်လံ မေ ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မေလ (၈)ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ဟိုင်းကြီးဒိုးကျေးရွာ၌ လူနေအိမ် (၁၈)လုံး အမိုးလန်ပျက်စီးခဲ့ပြီး လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် အောင်လံမြို့နယ်၊ ဟိုင်းကြီးဒိုးကျေးရွာတွင်လေဘေးသင့် အိမ်ထောင်စု (၁၈)စု၊ လူဦးရေ (၄၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ (၉၂၄၀ဝိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၉၂၄၀ဝိ/-)ကျပ်အား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာထွန်းက ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)