ပန်းတောင်း မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် တုံကင်းကျေးရွာအုပ်စု၊ စမ်းဝကျေးရွာအုပ်စုနှင့် မြောင်ကျေးရွာအုပ်စုတို့တွင် ယမန်နေ့ညနေ (၅) နာရီ (၄၅) မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုဖြစ်စဥ်ကြောင့် တုံကင်းရွာမကျေးရွာတွင် သွပ်မိုးပျဥ်ကာ(၃)ပင်အိမ်မှာ ၁၀´သွပ်(၁၀)ချပ်၊ စမ်းဝကျေးရွာတွင် သွပ်မိုးကျောက်ပြားကာ(၃)ပင်အိမ်မှာ ၁၂´သွပ်(၁၂)ချပ်၊ ၃´×၂´ (၁၀)ချောင်း၊ ၄´×၂´ (၂)ချောင်း၊ ကျောက်တွင်းကျေးရွာတွင် သွပ်မိုးထရံကာ(၄)ပင်နှစ်ထပ်အိမ်မှာ ၁၂´သွပ်(၃၂)ချပ်၊ ၄´×၂´ (၁၆) ချောင်း စုစုပေါင်းတန်ဖိုးငွေ (၉၉၈၀၀၀ိ/-)ကျပ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုသို့ ပျက်စီးဆုံးရှုံးမှူများ ဖြစ်ပေါ်ခဲ့သည့် မိသားစုများ ယာယီနေထိုင်နိုင်ရေးနှင့် ပြန်လည်ပြုပြင်ပြင်ဆင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများက ကူညီဆောင်ရွက်ပေးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)