အုတ်ဖို မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ယမန်နေ့ ညနေ(၈)နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၃)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ငရှဉ့်ရိုးကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာတွင် နေအိမ် (၁)လုံး၊ တဲတောကျေးရွာတွင် နေအိမ် (၁)လုံးနှင့် နနွင်းကုန်းကျေးရွာအုပ်စု၊ နနွင်းကုန်းကျေးရွာတွင် နေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၃)လုံး အမိုးလန်ပျက်ဆီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ဆွေမျိုးသားချင်းများမှ နေထိုင်စားသောက်နိုင်ရေး ကူညီဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)