မကွေးမြိုနယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသည့် တည်ပင်ကန်ပေါက်ကျေးရွာသို့ သောက်သုံးရေလှူဒါန်း

မကွေး မေ ၁၀

မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ကွပ်ကဲမှုအောက်ရှိ မြို့နယ်များမှ သောက်သုံးရေ ရှားပါးသည့်နေရာဒေသများသို့ သောက်သုံးရေများ အခမဲ့လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့နယ်မီးသတ်စခန်းမှ မကွေးမြို့နယ်၊ တည်ပင်ကန်ပေါက်ကျေးရွာသို့ သွားရောက်၍ သောက်သုံးရေများအခမဲ့ လှူဒါန်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မကွေးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲဝင်များက သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် တည်ပင်ကန်ပေါက်ကျေးရွာရှိ အိမ်ထောင်စု(၃၇၅)စု၊ လူဦးရေ (၁၃၄၂) ဦးအတွက် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေး ရေဂါလန် ၂၄၀၀ ကို သွားရောက်လှူဒါန်းခဲ့ပြီး  မကွေးမြိုနယ် မီးသတ်ဦးစီးဌာနအနေဖြင့် သောက်သုံးရေအခက်အခဲရှိသည့် မြိုနယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများကို သောက်သုံးရေများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)