ဇလွန်မြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ အခမ်းအနားပြုလုပ်

ဇလွန် မေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၄ - ၂၀၂၅ ခုနှစ် မိုးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျုံခမွန်ကျေးရွာအုပ်စု တောင်သူဦးအောင်ခိုင်မိုး၏ လယ်မြေ (၁၀) ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးနိုင်ကျော်စိုးက တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊  မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော် စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံ‌လျှော် မြေခံစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်စေရေး၊ မိုးစပါးကြဲခင်းများ ပပျောက်စေရေးနှင့် Drum Seeder အစေ့ချကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေးကိစ္စများ ဆွေးနွေးပြောကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ပိုက်ဆံလျှော်မျိုးစေ့များကို တောင်သူများထံပေးအပ်ခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ စုပေါင်းကြဲပက်ခဲ့‌ကြ‌သည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)