ချောက်မြို့မစျေးအတွင်းရှိ အသားများ သန့်ရှင်းလတ်ဆတ်မှုနှင့် သတ်မှတ်သောစျေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ချောက် မေ ၉

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ မြို့မစျေးအတွင်းရောင်းချသော အသားများ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိနှင့် သတ်မှတ်သောစျေးနှုန်းများအတိုင်း ရောင်းချမှုရှိစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက် ၉ နာရီအချိန်က စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဦးစီးအရာရှိ ဒေါ်လတ်လတ်ဌေး ဦးဆောင်သည့် ဝန်ထမ်းများက မြို့မစျေးအတွင်း ရောင်းချသောအသားများ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ၊ အသားများတွင် အယိအချွဲများ ရောနှောရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး သတ်မှတ်ထားသော စျေးနှုန်းများအတိုင်း ရောင်းချမှုရှိစေရေးအတွက် လက်ကိုင်စပီကာဖြင့် လှည့်လည်အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သန့်ရှင်းလတ်ဆတ်မှုမရှိသော အသား၊ အေးခဲအသားများတွေရှိပါက ခေါ်ယူအသိပေး၊ သတိပေးခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)