တောင်ငူ မေ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ တောင်ငူမြို့၊ ရခိုင်စုရပ်ကွက်၊ ဗိုလ်မှူးဖိုးကွန်းလမ်းနေ ဒေါက်တာမြသောင်း (အငြိမ်းစားဆေးရုံအုပ်ကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီး၊ ရန်ကုန်မြို့) က နှစ်တစ်ရာကျော်မှ တောင်ငူမြို့၏ ရှားပါးမှတ်တမ်းဓာတ်ပုံ (၆”×၈”)(၆)ပုံ၊ ( ၈”× ၁၀”) (၁၄)ပုံ၊ (၈”×၁၂”) (၂)ပုံ၊ (၁၀”×၁၂”) (၈)ပုံ၊ စုစုပေါင်း (၃၀)ပုံ (ဘောင်ခတ်ပြီး)အား လာရောက်လှူဒါန်းခဲ့သည်။
အဆိုပါမှတ်တမ်းဓာတ်ပုံများသည် (၁၈၆၄) မှ (၁၉၂၀) ခုနှစ်အတွင်း တောင်ငူမြို့၏ ရှားပါးမှတ်တမ်းဓာတ်ပုံများအား စုဆောင်းရရှိထားဖြစ်ပြီး ကေတုမတီမြို့တည်နန်းတည် နှစ်(၅၀၀)ပြည့် ပွဲတော်များတွင် ပြသခဲ့သော မှတ်တမ်းဓာတ်ပုံများဖြစ်ကြောင်းနှင့် လာရောက်လှူဒါန်းသည့် အလှူရှင်ဒေါက်တာ မြသောင်းသည် ရှေးဟောင်းသမိုင်းနှင့် စာပေများကို (သောင်း-ကေတု) ကလောင်အမည်ဖြင့် ရေးသားထုတ်ဝေနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
ဇော်ကိုကို (ပြန်/ဆက်)