မော်လမြိုင်ကျွန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မော်လမြိုင်ကျွန်း မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို မေလ ၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လူအများသွားလာ စည်ကားရာလမ်းဆုံလမ်းမများမှ လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ထိုသို့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဇာဇာလင်းနှင့် ဝန်ထမ်းများက လေပြင်းဘေးကြိုတင်ပြင်ဆင်‌ရေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ပြင်ဆင်‌သတိပြုကာကွယ်နိုင်ရန် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းသက်သာစေရန်၊ သတိပြု၍ရှောင်ရှားသင့်သည့် အပြုအမူအချက်အလက်များအား သိရှိကာကွယ်တုံ့ပြန်နိုင်ရေး အသိပေးနှိုးဆော်ချက်များကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရေး လှည့်လည်အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)