မင်းလှမြို့နယ် ညောင်ပင်သာကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ‌ ပေါင်ပုပ်၊ လက်ပုပ်ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

အထက်မင်းလှ မေ ၉

ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှဒေသခံ တောင်သူများ မွေးမြူထားသည့် တိရစ္ဆာန်များအား မိုးဦးရာသီတွင် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးကာ  ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက  ညောင်ပင်သာကျေးရွာတွင် ကွင်းဆင်းထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ ပွင့်မြတ်နိုးသိမ့် ဦးဆောင်သော ကျန်းမာရေးလုပ်သား(၂)ဦးတို့က ညောင်ပင်သာကျေးရွာမှ တောင်သူများမွေး မြူ‌ထားသည့် ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေးနှင့် ဒေါင့်သန်းရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးများ ကြိုတင်ထိုးနှံခြင်းဖြင့်  တောင်သူများမှာ ကူးစက်ရောဂါ ကင်းရှင်းစွာနှင့် ကျန်းမာသော ကျွဲ၊ နွားများဖြင့် လယ်ယာလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)