မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂)တက်ရောက်မည့်သူများအား ဂုဏ်ပြုဧည့်ခံကြိုဆိုနှုတ်ဆက်

မင်းဘူး မေ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂)သို့ တက်ရောက်မည့်သူများအား မင်းဘူးခရိုင်နှင့်မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၈၈)ခြေလျင်တပ်ရင်း၌ ဂုဏ်ပြုဧည့်ခံကြိုဆိုပြီး ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင်အတွင်းရှိ စုရပ်အသီးသီးမှ ရောက်ရှိလာသော ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂)သို့ တက်ရောက်မည့်သူများကို မင်းဘူးခရိုင်နှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဦးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး သင်တန်းသားများအား လိုအပ်သည်များကို မှာကြားကာ နံနက်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးသည်။ ထို့နောက် မကွေးတိုင်းဒေသအကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော ဝတ်စုံနှင့် တစ်ကိုယ်ရေအသုံး ဆောင်ပစ္စည်းများအပြင် နေ့လယ်ခင်းစာနှင့် ရေ့သန့်ဘူးများကို တစ်ဦးချင်းထောက်ပံ့ပေးအပ်၍ သင်တန်း ကျောင်းသို့ သွားရောက်ကြမည့်သူများအား ပို့ဆောင်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်းနှင့် ငဖဲမြို့နယ်များမှ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂)သို့ တက်ရောက်မည့် သင်တန်းသား (၆၉)ဦးရှိကြောင်း၊ အဆိုပါ သင်တန်းသား များအား မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး တင့်ကျော် ဦးဆောင်ပြီး သက်ဆိုင်ရာမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးများနှင့် တာဝန်ရှိသူများက တပ်မတော် ထောက်ပို့မော်တော်ယာဉ်သုံးစီးဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း အမှတ်(၃) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (ကျိုင်းတောင်း)သို့ စနစ်တကျ လိုက်ပါပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)