ရွှေတောင်မြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရွှေတောင် မေ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ရွှေတောင်မြို့နယ်အတွင်း စာကြည့်တိုက်များဖွင့်လှစ်နိုင်ရေး၊ လက်ရှိဖွင့်လှစ်ထားရှိသော ကျေးရွာစာကြည့်တိုက်များအား ရေရည်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ရွှေတောင်မြို့နယ်အတွင်း စာကြည့်တိုက်များဖွင့်လှစ်ထားရှိမှု၊ ကွင်းဆင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက်ရန်ပုံငွေရရှိရေး၊ သင့်လျော်သည့်စာကြည့်တိုက်မြေနေရာရရှိရေးနှင့် စာအုပ်စာစောင်များရရှိနိုင်ရေးတို့အား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)