သရက်ချောင်း နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီ အချိန်က တစ်နိုင်ငံလုံးအတိုင်းတာဖြင့်တစ်ပြိုင်နက်တည်း စတင်ဖွင့်လှစ်ကျင်းပခဲ့ရာ တနင်္သာရီ တိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ မဲရုံ(၁၁၀) ရုံတွင်လည်း မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဖြင့် ဆန္ဒမဲများ လာရောက်ပေးလျက် ရှိကြောင်း သိရသည်။
ထို့နောက် ပြည်သူများ လာရောက်မဲပေးရာတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ တန်းစီစေခြင်းနှင့် စသည့်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ဆန္ဒမဲပေးရန် မဲဆန္ဒရှင်ပြည်သူများက စနစ်တကျ တန်းစီစနစ်ဖြင့် အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိသည်။
သရက်ချောင်းမြို့နယ်တွင် ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၄)အုပ်စုရှိ မဲရုံ(၁၁၀) ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၀၆၄၃၆)ဦးရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)