စစ်ကိုင်း မေ ၉
နိုင်ငံတော်ကြီးအနေဖြင့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအားလုံး ပညာရည်မြင့်မားပြီး အရေး၊ အဖတ်၊ အတွက်၊ အချက် တတ်ကျွမ်းစေရန်၊ စာမတတ်သူ ပပျောက် ရေး၊ ရပ်ရွာအတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် စာမသင်ကြားခဲ့ရသူများအား ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များအလိုက် ဖွင့်လှစ်သင်ကြားလျက်ရှိရာ စစ်ကိုင်းမြို့အနေဖြင့်လည်း ယနေ့အချိန်ထိ ဆက်လက်သင်ကြားပေးနေလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်ကြားပေးလျက်ရှိသည့် အခြေခံစာတတ်မြောက်ရေးသင်တန်း စာသင်ဝိုင်းများသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော် စွာမောင်စိုးနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ ညနေ(၄)နာရီအချိန်က လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြသည်။
စစ်ကိုင်းမြို့နယ်တွင် ရပ်ကွက်ပေါင်း(၂၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)စုမှာ စာသင်ဝိုင်း (၄၆) ဝိုင်း ဖြင့် ဧပြီ(၆)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၃)နာရီနှုန်းနှင့် နာရီပေါင်း(၁၂၀)နာရီ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ အမျိုးသား(၂၆၈)ဦး၊ အမျိုးသမီး(၄၀၆)ဦး၊ စုစုပေါင်း(၆၇၄)ဦး သင်ကြားနေကြခြင်းဖြစ်ကြောင်း ခရိုင်ပညာရေးမှူး စာရင်းများအရ သိရသည်။
ဇော်မြင့်နိုင်