မအူပင် နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံများအလိုက် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများရှေ့တွင် မဲရုံးအလိုက်တာဝန်ရှိသူများက ဆန္ဒမဲပေးမည့် မဲပုံးအလွတ်များအားပြသခဲ့ပြီး လုံခြုံရေးကြိုး များ တပ်ဆင်ခဲ့သည်။
၎င်းနောက် နံနက် ၆ နာရီတွင် ပြည်သူများဆန္ဒမဲပေးနိုင်ပြီဖြစ်ကြောင်း ကြေညာပြီးသည်နှင့် မိမိတို့သက်ဆိုင်ရာမဲဆန္ဒနယ်မြေများအလိုက် မဲဆန္ဒပေးပိုင်ခွင့်ရှိသည့်ပြည်သူများက စည်းကမ်းတကျ တန်းစီကာ ဆန္ဒမဲလာရောက်ပေးကြောင်း သိရှိရသည်။
မအူပင်မြို့နယ်အနေဖြင့် မြို့ပေါ် ၁၂ ရပ်ကွက်တွင်မဲရုံ ၃၀ ရုံ၊ ကျေးရွာအုပ်စု ၇၆ အုပ်စုတွင် မဲရုံ ၂၈၁ ရုံ၊ စုစုပေါင်းမဲရုံ ၃၁၁ရုံဖွင့်လှစ်ထားရှိပြီး မအူပင်မြို့နယ်အတွင်း ဆန္ဒမဲပေးနိုင်သူဦးရေ ၂၄၇၈၈၁ ဦး ရှိကြောင်း မအူပင်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)